တိုကျို   ၂၅  အောက်တိုဘာ 

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်နှင့်အဖွဲ့သည် ယနေ့ နံနက် နာရီတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နာရီတာလေဆိပ်သို့ ရောက်ရှိပြီး ခေတ္တတည်းခိုမည့် Shinagawa Prince Hotel သို့ ရောက်ရှိကြသည်။

 

jhshsdS

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံ ယဉ်ကျေးမှုရေးရာဌာန၌ ပညာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး Mr.Koichi Hagiuda နှင့် တာဝန်ရှိ သူများအား မွန်းလွဲ နာရီ ၄၅ မိနစ် တွင် လည်းကောင်း၊ ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ ဒုတိယဝန်ကြီး Mr. Ma Sahiko Tominaga နှင့် တာဝန်ရှိသူများအား ညနေ နာရီခွဲတွင် လည်းကောင်း သွားရောက်တွေ့ဆုံနှုတ်ဆက်ပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံပူးပေါင်း၍ ရုပ်ရှင် ဇာတ်ကားများ ရိုက်ကူးခဲ့မှု၊ ရုပ်ရှင်ဖလင်များ ပြန်လည်ပြုပြင် ထိန်း သိမ်းသည့်လုပ်ငန်းသည် ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးအတွက်အရေးပါမှု၊ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီစဉ်ဆောင်ရွက်နေမှုနှင့် လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးစေလိုမှုတို့ကို ဆွေးနွေး ကြသည်။

 

LKSJF

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေ  နာရီခွဲတွင် တိုကျိုမြို့ရှိ ဟီဘိရ စာကြည့် တိုက်နှင့် ပြတိုက်သို့ သွားရောက်၍  စာအုပ်စာစောင်များ ခင်းကျင်းပြသထားရှိမှု စာကြည့်တိုက်တွင် ဖတ်ရှုလေ့လာရန် စီစဉ်ထားရှိမှု နှင့် စာငှားစနစ်တို့ကို ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းကြသည်။

 

 HSFH

 

ညနေ နာရီခွဲတွင် ကျိုဒိုသတင်းဌာနသို့ သွားရောက်ပြီး သတင်းအချက်အလက်များ ရယူ စုစည်းမှုနှင့် ဖြန့်ချိမှု လုပ်ငန်းစဉ်အား လေ့လာကြသည်။

 

JSHEXS

 

ကျိုဒိုသတင်းဌာနမှာ ၁၉၄၅ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့သည့် Domei သတင်း ဌာနအား ဒုတိယ ကမ္ဘာစစ် ပြီးဆုံးချိန်တွင် Kyodo News အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ သတင်း ထောက်အင်အား တစ်ထောင်ကျော်ဖြင့် လုပ်ငန်းများဆောင်ရွက်နေပြီး နိုင်ငံတကာမှ မီဒီယာအဖွဲ့အစည်း (၇၀) ခန့်နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကာ သတင်းများ ဖလှယ် အသုံးပြုနေကြောင်း၊ ၎င်း သတင်းဌာနမှ သတင်းများကို အသုံးပြုသည့် သတင်းစာများမှ ဖတ်ရှုသူ ဦးရေမှာ သန်း (၅၀) ခန့်ရှိပြီး ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် အင်္ဂလိပ်ဘာသာ တို့ဖြင့်လည်း Online မှ သတင်းများ ထုတ်လွှင့်ဖြန့်ချိ လျက်ရှိကြောင်း သိရသည်။

 (သတင်းစဉ်

 

KLSFSFX