နေပြည်တော်   ၃၁ ဇူလိုင် 

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွှဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ်၊ စံပြငါးမိုးရိပ်စျေးတွင် မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ လာရောက်ရောင်းချပေးနေသည့် ဟင်းသီးဟင်းရွက်စျေး အရောင်းမော်တော်ယာဉ်အား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၄)ရှိ အရေးပေါ်ရိက္ခာဆန်သိုလှောင်ရုံသို့ ရောက်ရှိပြီး နိုင်ငံတော်အရေးပေါ်ရိက္ခာ ဆန်သိုလှောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)