နေပြည်တော် ၂ စက်တင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် International Organization for Migration(IOM), Mission in Myanmar ၏ Chief of Mission , Mr.Akio Nakayama နှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၏ မေခလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် လူကုန်ကူးမှုတိုက်ဖျက်ကာကွယ်ရေးနှင့်စပ်လျဉ်း၍ လူကုန်ကူးခံရသူများအား ကူညီပံ့ပိုးခြင်း၊ ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ နည်းပညာဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ လူကုန်ကူးခံရသူများ ပြန်လည်လက်ခံခြင်း၊ ပြန်လည် ထူထောင်ခြင်းနှင့် မိသားစု ပြန်လည်ပေါင်းစည်းနိုင်ရေး ဆောင်ရွက်နေမှုများ၊ IDPs စခန်းများတွင် လူကုန်ကူးမှု တားဆီးကာကွယ် တုန့်ပြန်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သော Standard Operation Procedures (SOP) များ ပေါ်ထွက်လာရေး ဆောင်ရွက်နေမှု၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် MoU ရေးထိုးဆောင်ရွက်နိုင်မည့် အခြေအနေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးရေးဆိုင်ရာကိစ္စရပ်များအတွက် MoU ရေးထိုးဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
(သတင်းစဉ်)


