နေပြည်တော် ဇူလိုင် ၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့်အတူ ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းတွင် နမ့်စန်မြို့နယ်အတွင်းရှိ နောင်စန့် - နောင်ဗို ကျေးရွာချင်းဆက်လမ်း ၈ မိုင်တွင် ၁ မိုင် ၄ ဖာလုံ ကျောက်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၆ လ ဘတ်ဂျက်တွင် ၃၅ ပေ သံကူကွန်ကရစ်တံတား တည်ဆောက်ရန် လျာထားနေရာနှင့် နားရိုင်း-ကုန်းမလမ်းမှ မောက်မယ် - ဆီဆိုင် လမ်းခွဲအထိ ၁၆ မိုင် ၆ ဖာလုံတွင် ၂ မိုင် ကျောက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ကွန်ဟိန်းမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် ဝန်ထမ်းများ၊ သင်တန်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။ ယင်းနောက် ဝန်ထမ်းများနှင့် သင်တန်းသူများအတွက် ဝတ်စုံများ ထောက်ပံ့ပေးအပ်ကာ သင်တန်းကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွယ်မွေမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များမှာကြား၍ ကျောင်းသား/ကျောင်းသူများ အတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ကာ သင်တန်းကျောင်း အတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်နှင့် သင်တန်းခန်းမများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)နှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်နှင့် နယ်စပ်ဒေသတိုင်း ရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ကျောင်းအုပ်တို့က ဒေသဖွံ့ဖြိုးရေးနှင့် သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးသည်။ ယင်းနောက် ဝန်ထမ်းများအတွက် ဝတ်စုံများ၊ ဦးထုပ်နှင့် ရှုးဖိနပ်များ၊ ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ကာ သင်တန်းကျောင်းဝင်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက် - လွယ်ပန်တောင်း - အင်ဂိုလုံလမ်း ၃၃ မိုင် ၅ ဖာလုံအနက် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်း၊ ကျိုင်းတုံ -တောင်ကြီးလမ်းမှ ပန်မတ်ကျေးရွာသို့ အဝင်လမ်း ၁၃ မိုင်တွင် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်း လုပ်ငန်းများကို စစ်ဆေးခဲ့ပြီး လမ်းတံတားလုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်း အရည်အသွေးပြည့်မီရေး၊ ရေရှည်တည်တံ့ ခိုင်ခံ့စေရန်အတွက် ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ ဆောင်ရွက်ပြီး လမ်းလုပ်ငန်းများကို ပြုပြင်ထိန်းသိမ်းရန် စီမံဆောင်ရွက်ရေး၊ လိုအပ်သောနေရာများတွင် ရေပြွန်နှင့် Box Culvert များ ထည့်သွင်းဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


