နေပြည်တော်၊ ၁၁  ဖေဖော်ဝါရီ 

 

ပြည်ထောင်စုဝန်ကြီးများ လုပ်ငန်းပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။

 

အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းအောက်ရှိ စက်ရုံများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးကိစ္စ၊ အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းနှင့် အရည်အသွေး ထောက်ခံချက် ထုတ်ပေးခြင်း စသည့်လုပ်ငန်းများ အဆင်ပြေချောမွေ့ရေးကိစ္စ၊ အကောက်ခွန်ဦးစီးဌာနမှ စက်သုံးဆီများတင်သွင်းမှု အဆင်ပြေချောမွေ့ရေးကိစ္စ၊ ကိုဗစ်-၁၉ ကာလအတွင်း ပိတ်ထားရသော တိရစ္ဆာန်ဥယျာဉ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စ၊ ကုန်သွယ်မှု လွယ်ကူလျင်မြန်စေရေးနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပိုမိုလျင်မြန်သွက်လက်စွာ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည် နာလန်ထူလာစေရေးအတွက် ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်းပေးရမည့် ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်