နေပြည်တော်    ၁၁  အောက်တိုဘာ

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  နိုင်သက်လွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုင်းရင်းသားရေးရာ နှင့် ဘာသာရေးရာကော်မရှင် ဒုတိယစစ်ဆေးရေးမှူး Mr. Yu Fei နှင့်အဖွဲ့အား  ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။  

 

တွေ့ဆုံစဉ် မြန်မာ - တရုတ် နှစ်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ကိုးကွယ်သည့် ဘာသာသာသနာတို့ကို လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိရေး အပါအဝင် တိုင်းရင်းသားရေးရာများ၊ နှစ်နိုင်ငံ တိုင်းရင်းသားလူမျိုးစုများ၏ သမိုင်းကြောင်းအရ နီးစပ်တူညီမှုများကို အခြေခံ၍ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုနှင့် စာပေသင်ကြားရေးကိစ္စ၊ တိုင်းရင်းသားများတန်းတူအခွင့်အရေးရရှိရေးနှင့် ဆင်းရဲမှုပပျောက်ရေး အတွက် ဥပဒေ၊ နည်းဥပဒေနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲထားရှိ၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့အကြား နှစ်ဦးနှစ်ဘက်အကျိုးစီးပွားများ တိုးတက်ရရှိရေးအတွက် ဆောင်ရွက်သွားမည့် နည်းလမ်းများကို ဆွေးနွေးကြသည်။

 

mdn

 

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်၌ ရန်ကုန်အမျိုးသားပြတိုက်တာဝန်ခံ၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တိုင်းရင်းသားများ၏ ရိုးရာအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ ပြပွဲများ ခင်းကျင်းပြသခြင်းဆိုင်ရာ ဆောင်ရွက်မှုများ၊ ဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်းများ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn