ရန်ကုန် ၂၉ ဇွန်

 

အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့ရှိ ဘာကူးကွန်ဗင်ရှင်းစင်တာ၌ ဇွန်(၃၀) ရက်မှ ဇူလိုင် (၁၀)ရက်အထိ  ကျင်းပမည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေးသို့ တက်ရောက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ သိန်းလွင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဇာဘိုင် ဂျန်နိုင်ငံသို့ ထွက်ခွာသွားကြရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

mdn

 

မြန်မာနိုင်ငံအနေဖြင့် ပုဂံယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရောက်နိုင်ရေးအတွက် အဆိုပြုစာတွဲ(Nomination Dossier)ကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်သွင်းခဲ့ပြီး ယခုကျင်းပမည့် (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေးတွင် ပုဂံယဉ်ကျေးမှု ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းပြု/မပြုကို အတည်ပြု ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)