နေပြည်တော် ၁၇ ဒီဇင်ဘာ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် United Nations Human Settlements Programme (UN-Habitat)၊အာရှ-ပစိဖိတ်ဒေသဆိုင်ရာ Regional Director ဖြစ်သူ Mr. Atsushi Koresawaနှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ့ရာသီဥတုပြောင်းလဲမှုအစီအစဉ် (MyanmarClimate Change Alliance (MCCA) စီမံကိန်းအဆင့် (၁) အား ဆောင်ရွက်ခဲ့မှုနှင့် မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့်ပင်မလုပ်ငန်း အစီအစဉ် ရေးဆွဲထုတ်ပြန်နိုင်မှု၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်နိုင်မှုနှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေဖြစ်စေရေး အစီအစဉ်ရေးဆွဲနိုင်မှုများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ တွင်ပါရှိသည့် ကဏ္ဍအလိုက် နယ်ပယ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် MCCA စီမံကိန်းအဆင့် (၂) အား UNEP နှင့် UN-Habitat တို့၏ နည်းပညာအကူအညီ၊ EU ၏ ရန်ပုံငွေ အထောက်အပံ့တို့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်