ပြင်ဦးလွင် မေ ၁၇

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိ န်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံ သစ်တောကျောင်း ကျွန်းရတနာခန်းမ၌ အခြေခံသစ်တောပညာ သင်တန်းသားများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် သစ်တောကျောင်း၏ ဆောင်ပုဒ်နှင့် အညီ စိတ်ဓာတ်၊ စည်းကမ်း၊ ဝီရိယ၊ ပညာ၊ ဇွဲတို့ဖြင့် ကြိုးစားလိုက်နာဆောင်ရွက်ရန်၊ သစ်တောသစ်ပင်များသည် သက်ရှိသတ္တဝါအားလုံး အသက်ရှင်ရပ်တည်ရန် အထောက်အကူပေးလျက်ရှိသည့်အတွက် ဂရုတစိုက် ကာကွယ်ထိန်းသိမ်းတတ်စေရေး စနစ်တကျ လေ့လာသင်ကြားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ သစ်တောကျောင်းဝင်းအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာ နှစ်တွင် တည်ဆောက်မည့် နှစ်ထပ် သင်တန်းသား အိပ်ဆောင်တစ်လုံး၊ နှစ်ထပ်စာသင်ဆောင် တစ်လုံးနှင့် စုဝေးခန်းမတစ်ခုတို့၏ မြေလျာထားမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်