ပြည် ဖေဖော်ဝါရီ ၂၀
ပြည်တက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများ ကျောင်းနေပျော်၍ စိတ်ချမ်းမြေ့ပျော်ရွှင်စေရန်၊ အချင်းချင်း ချစ်ခင်ရင်းနှီး စည်းလုံးညီညွတ်မှုများပိုမိုရရှိပြီး ပူးပေါင်းဆောင်ရွက်လိုစိတ်များ ပိုမိုတိုးပွားရရှိလာစေရန်၊ မြန်မာ့ရိုးရာအစားအစာများနှင့် တိုင်းရင်းသားရိုးရာအစားအစာများကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်ပြုလုပ်သော ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက ယင်းတက္ကသိုလ် အားကစားခန်းမရုံအနီး ကွင်းပြင်၌ ကျင်းပရာ ဘာသာရပ်ပေါင်းစုံ မိသားစုများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများဖြင့် အထူးစည်ကားခဲ့သည်။
ဈေးရောင်းပွဲတော်တွင် ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ဈေးဆိုင်ခန်း ၁၆ ခန်း ဖွင့်လှစ်၍ သက်သာသောဈေးနှုန်းဖြင့် ကောက်ညင်းပေါင်းနှင့်ငါးရံ့ခြောက်ဖုတ်၊ ထမနဲ၊ နန်းကြီးသုပ်၊ ရွှေရင်အေး၊ ရခိုင်မုန့်တီနှင့် ရှမ်းရိုးရာအစားအစာများအပါအဝင် အခြားမြန်မာ့ရိုးရာနှင့် တိုင်းရင်းသားရိုးရာ အစားအစာများ စုံလင်စွာ ရောင်းချပေးလျက်ရှိကာ တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ မိသားစုများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ လာရောက်ဝယ်ယူအားပေးကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ကိုဆက်(ပြန်/ဆက်)