ရန်ကုန် ၄ ဖေဖော်ဝါရီ
ပြည်တွင်း/ ပြည်ပ လေကြောင်းဖြင့် ခရီးသွားလာကြသည့် ခရီးသွားပြည်သူများ အဆင်ပြေစေ ရန်အတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း(Myanmar National Airlines) အနေဖြင့် လာမည့် ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ပျံသန်းပြေးဆွဲပေးနေပြီဖြစ်ကြောင်း (MNA) လေကြောင်းလိုင်းမှ သိရသည်။
မြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများအား ကာကွယ်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန ညွှန်ကြားချက်များအရ မြန်မာအမျိုးသားလေကြောင်း ပြည်ပလေယာဉ်ခရီးစဉ်များဖြစ်သော စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်နှင့် ချင်းမိုင် ခရီးစဉ် ပျံသန်းပြေးဆွဲမှုများကို ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက် အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းထားရမှ ယခုအခါ ပြည်တွင်း/ ပြည်ပ လေ ကြောင်း ခရီးစဉ်များကို ပြန်လည်ကာပျံသန်းပေး တော့ပေးမည်ဖြစ်သည်။
ထိုရပ်ဆိုင်းကာလအတွင်း ဝယ်ယူထားသော လက်မှတ်များအား Full Refund နှင့် Free Date Change ဆောင်ရွက်ပေးပြီး ကိုယ်စားလှယ် (Agent) မှ ဝယ်ယူထားသော ခရီးသည်များအနေဖြင့် ၎င်း agent မှတစ်ဆင့် Refund ပြန်လည်ထုတ်ယူနိုင်ပြီး website မှ ဝယ်ယူထားပါက [email protected] သို့ e-mail ပေးပို့ကာ Refund ပြန်လည်ရယူနိုင်မည်ဖြစ်သည်။
MNA လေကြောင်းလိုင်း လေယာဉ်လက်မှတ်များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက များ သိလိုပါက MNA Call Center +951 378603 / 04 / 06 / 07 – 08 | +951- 377840 / 41 / 42 တို့သို့ ဆက်သွယ်မေးမြန်း နိုင်မည်ဖြစ်ကြောင်း သိရသည်။
လေကြောင်းသွား ခရီးသည်များ အဆင်ပြေစေရန်အတွက် မြန်မာအမျိုးသား လေကြောင်းလိုင်း သည် Covid-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားရောက်နိုင်စေရန်အတွက် ပြည်တွင်းနှင့် ပြည်ပ (Relief Flight) ခရီးစဉ်များအား ဖေဖော်ဝါရီ ၄ရက်မှစတင်၍ ယခင်စီစဉ်ထားရှိ သော ခရီးစဉ်များအတိုင်း ပြန်လည် ပျံသန်းပြေးဆွဲသွား မည်ဖြစ် သည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့် ညှိနှိုင်း၍ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင်လည်း ဘန်ကောက်သို့သွားရောက်မည့်ခရီးသည်များနှင့် နေရပ်သို့ပြန်မည့် မြန်မာနိုင်ငံသားများ အတွက် Relief Flight ခရီးစဉ်အား ပျံသန်းပြေးဆွဲသွားမည် ဖြစ်သည်။ အဆိုပါ ရန်ကုန်-ဘန်ကောက် ကယ်ဆယ်ရေး ခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များ အနေဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ စုံလင်စွာရှိရမည်ဖြစ်ပြီး အသေးစိတ်အချက်အ လက်များကို MNA Call Center +951 378603၊ +951- 377840 တို့သို့ ဆက်သွယ်စုံစမ်းနိုင်သည်။ ထို့အပြင် ဘန်ကောက် - ရန်ကုန် ကယ်ဆယ်ရေး ခရီးစဉ်သည် မြန်မာနိုင်ငံသံရုံးမှ ထုတ်ပြန်ထားသော ခရီးသည်စာရင်းအတိုင်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်၍ အသေးစိတ်အချက်အလက်များကို ဖုန်း +66 981019505( English & Thai ) ဘာသာစကား နှင့် +66 857233221 ကို မြန်မာဘာသာစကားဖြင့် ဆက်သွယ်မေးမြန်းနိုင်သည်။
အလားတူ အခြားပြည်တွင်းလေကြောင်းလိုင်းများလည်း မူလခရီးစဉ်များအတိုင်း စက်တင်ဘာ ၄ ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲပေးတော့မည် ဖြစ်ကြောင်း သိရသည်။
မောင်စိန်လွင်(မြန်မာ့အလင်း) ၊ ဓာတ်ပုံ- မင်းထက်


