မောင်တော ၃၁ ဇန်နဝါရီ
ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများပါဝင်သော သတင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့နယ်ရှိ ညောင်ချောင်းကျေးရွာနှင့် ပဒင်းကျေးရွာတို့သို့ သွားရောက်ကာ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာတွင်နေထိုင်သူများနှင့်တွေ့ဆုံကာ သိရှိလိုသည်များမေးမြန်း သတင်းရယူခြင်း၊ ကျေးရွာအတွင်း လှည့်လည်သတင်းရယူခြင်း ဆောင်ရွက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့သည် မောင်တောမြို့မှ စစ်တွေမြို့ သို့ရောက်ရှိပြီး ထိုမှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်း ဖြင့်ထွက်ခွာကြရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းမီဒီယာအဖွဲ့တွင် Frontier Myanmar၊ Black Night Media၊ Al Jazeera English၊ BBC၊ RFA၊ MRTV နှင့် MITV သတင်းဌာနတို့မှ သတင်းသမားများပါရှိပြီး သတင်းမီဒီယာအဖွဲ့များ မောင်တောဒေသသို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ သွားရောက် သတင်းရယူမှု အနေဖြင့် ၃၅ ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။
ဟန်လင်းနိုင်(သတင်းစဉ်)