နေပြည်တော် စက်တင်ဘာ  ၂၉

 

ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း    လုပ်ငန်းကြီးကြပ်ရေး ကော်မတီ အနေဖြင့် စက်သုံးဆီ အမျိုးအစားအလိုက် ပုံမှန်စိစစ် တင်သွင်းဆောင်ရွက် လျက်ရှိရာ စက်တင်ဘာ ၂၈  ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ Terminal တွင် MT Synergy သင်္ဘောမှ ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါသင်္ဘောတွင် ဓာတ်ဆီ 92 Ron ၂ ဒသမ ၄၅ ဂါလန် သန်းနှင့် ပရီမီယမ်ဒီဇယ်ဆီ  ၆ ဒသမ ၁၄ ဂါလန်သန်းပါရှိ၍  ဆီလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း တွေ့ရှိရသည်။

 

စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့  သီလဝါမှ ကလေးဝမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့  စက်သုံးဆီပို့ဆောင်မည့် ဆီတင်ယာဉ် လေးစီးအား အကြမ်းဖက်အဖွဲ့အစည်းများက တိုက်ခိုက်နှောင့်ယှက်ခဲ့သည့်အတွက် သက်ဆိုင်ရာ စက်သုံးဆီ အရောင်းဆိုင်များသို့ စက်သုံးဆီ ပို့ဆောင်နိုင်ခြင်းမရှိဘဲ ဆီသယ်ယာဉ်များ ရပ်တန့်လျက်ရှိကြောင်း သိရသည်။  

 

သတင်းစဉ်