ရေတာရှည် ၁၅ မတ် 

 

ရာသီအလိုက် စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်ကြသည့် တောင်သူများအနေဖြင့် သီးနှံပေါ်ချိန်တွင် ဈေးကွက်ကောင်းမွန်မှု မရှိသည့်အတွက် နှစ်စဉ်လိုလို အခက်အခဲများစွာဖြင့် ကြုံတွေ့နေကြရပြီး ယခုနှစ် နွေကာလ ပဲအမျိုးမျိုးနှင့် ပြောင်းဈေးကွက်ပေါ်ချိန်၌ ဈေးကွက်ကောင်းမွန်၍ စိုက်ပျိုးလုပ်ကိုင်ကြသည့် တောင်သူတိုင်းလိုလို အဆင်ပြေကြသည်ကို တွေ့ရှိရသည်။

 

ရေတာရှည်မြို့နယ်အတွင်း ဆွာချောင်းဆည်တမံမှ ရေပေးဝေမည့်စီမံချက်၌ ပါဝင်မှုမရှိ၍ နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိသည့် တောင်သူများအနေဖြင့် ပဲအမျိုးမျိုးနှင့် ပြောင်းကို အဓိကစိုက်ပျိုးလျက်ရှိရာ ပြောင်းစိုက်ပျိုးသူများအနေဖြင့် လက်ရှိဈေးကွက် ဝယ်လိုအားကြောင့် အဆင်ပြေလျက်ရှိကြောင်း သပြေတန်းကျေးရွာနေ ပြောင်းစိုက်တောင်သူ ဦးစိန်မိုးက ပြောသည်။

 

“ကျွန်တော်တို့စိုက်တဲ့မျိုးက ဖန်စီချိတ်ကြီးနဲ့ ပံနာနိုမျိုးတွေ၊ ထိုင်းကလာတာ၊ ပြောင်းစိုက်ပျိုးတဲ့ ကုမ္ပဏီတွေက စိုက်နည်းစနစ်တွေကို လာရောက်ပြသတာရှိတယ်။ သူတို့ကလဲ စက်နဲ့စိုက်ပျိုးပေးတာ၊ တစ်ဧကကို အပင်ရေ ၂၀ဝဝဝ လောက်ဝင်တော့ သေတာပျက်စီးတာ ပြန်နုတ်ရင် အဖူးရေ ၁၈၀ဝ၀ လောက်ထွက်တယ်။ လက်ရှိရောင်းရတာက မြို့တွေမှာ ပြောင်းဖူးပြုတ် ပြန်ရောင်းတဲ့သူတွေရှိတယ်၊ လမ်းသွားလမ်းလာတွေကဝင်ပြီး ဝယ်တာတွေရှိတယ်။ အဖူးအကြီးအသေးပေါ်မူတည်ပြီး ၁၀ဝ ကျပ်ကနေ ၁၅၀ ကျပ်အထိ ရောင်းရပါတယ်။ 

 

ကုန်ကျစရိတ်အနေနဲ့ကတော့ ထွန်ယက်ခ၊ မျိုးဖိုး၊ လုပ်သားစရိတ်၊ ရေသွင်းရေတင်တာ၊ ဓာတ်မြေဩဇာဖိုးက တစ်ဧကကို ၅ သိန်းဝန်းကျင်လောက် ကုန်ကျပေမဲ့ ခုလက်ရှိ ပြောင်းဈေးကွက်အရဆိုရင် စပါးစိုက်တာထက် ပိုကိုက်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။  

 

ကိုလွင်(ဆွာ)