ရန်ကုန်  ၁၃   ဇွန် 


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ရန်ကင်းမြို့နယ် ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ပြုလုပ်သည့် ရင်းနှီးမြုပ်နှံမှုကော်မတီ၏ (၉ / ၂၀၁၉) အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

 

1

 


ရှေးဦးစွာ ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့်လာစေရေးနှင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၀)ခုတို့အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြုပေးခဲ့ပြီး ပြည်တွင်းလုပ်သား ၄၈၉၇ ဦးအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လ ၁၂ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၁၀၇ ခု ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၅ ခု၊ စုစုပေါင်း လုပ်ငန်း ၁၂၂ ခုတို့အား အတည်ပြုမိန့်များ ထုတ်ပေးခဲ့ပြီး ၆၄၃၆၈ ဦးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား အရှေ့တောင်အာရှနှင့် အာရှနိုင်ငံများမှ အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံကြကြောင်း သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)