နေပြည်တော် ၂၁ ဇူလိုင်
မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထား စေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းပဲအထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ် တန်) (၁)မျိုး အား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၂၄) ရက်၊ မြန်မာ သက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆို လဆန်း (၅)ရက် (သောကြာနေ့)၊ နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည် ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင် ဇူလိုင်(၂၄)ရက် တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover)များပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ်ရိုက်နှိပ်ပေး မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


