ဆီဆိုင် ၆ အောက်တိုဘာ    

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု၊ နောင်ထော်ကျေးရွာရှိ ပန်းပျိုးလက်ပရဟိတကျောင်းသို့ ဆီဆိုင်မြို့နယ် မေတ္တာရောင်ပြန်ပရဟိတ သွေးလှူရှင်အသင်း၊ ဖြူစင်နှလုံးသား သွေးလှူရှင်အသင်းနှင့် စေတနာရှင်အလှူရှင်များစုပေါင်း၍ ဆန်လှူဒါန်းခြင်းကို အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။

 

ေ

 

ရှေးဦးစွာ ပန်းပျိုးလက်ပရဟိတကျောင်းမှ တာဝန်ခံ ဒေါ်အေးမိက ပန်းပျိုးလက် ပရဟိတကျောင်း တည်ထောင်ဖွင့်လှစ်သည့်သမိုင်းကြောင်း၊ ပန်းပျိုးလက်ပရဟိတကျောင်းတွင် စီမံခန့်ခွဲရသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ 

 

ေ

 

ထို့နောက် ပန်းပျိုးလက် ပရဟိတကျောင်း အတွက် ဆန်(၅၆)အိတ်၊ ငါးပိဿာဆီ(၂)ပုံး၊  အချိုရည်၊ ပေါင်မုန့်နှင့် အလှူငွေကျပ် ၁၆၀ဝဝဝ တို့အား ပေးအပ်လှူဒါန်းခဲ့ပြီး စေတနာရှင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းဖြင့် ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် ပန်းပျိုးလက် ပရဟိတကျောင်းရှိ ကျောင်းသား ကျောင်းသူ(၁၂၀)ဦးအား အာဟာရဒါနအဖြစ် နေ့လည်စာထမင်းကျွေးမွေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
    
    
MDN