နေပြည်တော် ၅ အောက်တိုဘာ

 

ပန်းရောင်နှင်းဆီ ရင်သားကင်ဆာ လူနာစောင့်ရှောက်သူများအဖွဲ့၏ နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် လမ်းမတော်မြို့နယ်ရှိ ရန်ကုန်သူနာပြု တက္ကသိုလ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်း၊ ပန်းရောင်နှင်းဆီ ရင်သားကင်ဆာ လူနာစောင့်ရှောက်သူများအဖွဲ့ နာယက ပါမောက္ခဒေါက်တာ မာလာသန်းနှင့် အဖွဲ့ဉက္ကဋ္ဌ ဒေါက်တာခင်သီရိတို့က အမှာစကား ပြောကြားကြသည်။

 

ပန်းရောင်နှင်းဆီ ရင်သားကင်ဆာ လူနာစောင့်ရှောက်သူများအဖွဲ့သည် ရင်သားကင်ဆာခံစားနေရသော ဝေဒနာရှင်များအား တတ်အားသရွေ့ ကူညီပံ့ပိုးပေးရန် ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အသက် ၂၀ ပြည့် အမျိုးသမီးတိုင်း ရင်သားကင်ဆာနှင့် ပတ်သက်သော အသိပညာဗဟုသုတရရှိရန်နှင့် မိမိကိုယ်တိုင် စမ်းသပ်စစ်ဆေးနိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်သည်။

 

ရင်သားကင်ဆာသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး ရောဂါဖြစ်ပြီး အချိန်မီထိ ရောက်မှန်ကန်သည့် ကုသမူခံယူမှသာ ကုသပျောက်ကင်းနိုင်ချေများသည့် ရောဂါဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အမျိုးသမီးများ ဒုတိယအဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ကြောင်း ယနေ့အခမ်းအနားမှ သိရသည်။

 

နည်းပြသင်တန်းသို့ မိတ်ဖက်အဖွဲ့အစည်း ၃၆ ဖွဲ့မှ သင်တန်းသူ ၃၅၄ ဉီး တက်ရောက်ကြသည်။

 

သတင်း - မွန်းဉီးနဒီ၊ ဓာတ်ပုံ - ရဲထွဋ်

 

1