နေပြည်တော် ၅ ဩဂုတ်
မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းထိမ်အထိမ်းအမှတ် အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် (၂၀ဝ ကျပ်တန်) (၁)မျိုးအား ၂၀၂၀ ပြည့်နှစ် သြဂုတ်(၇) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် ဒုတိယဝါဆိုလဆုတ် (၄)ရက်(သောကြာနေ့)၊ နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည် ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် သြဂုတ် (၇)ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့ စာအိတ် (Firstday Cover)များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ပြီး ရန်ကုန် တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော ရုပ်လုံးကြွဒီဇိုင်းကတ်တို့အား တစ်ပါတည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)