သဲကုန်း ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ရာသီပေါ် ပန်းထိမ်ငိုပန်းများအား နေအိမ်ခြံဝန်းများအတွင်း စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ပန်းထိမ်ငိုပန်းပင်သည် ရေကြိုက်သောအပင်မျိုးဖြစ်ပြီး အအေးပိုင်းဒေသများတွင်သာမက အပူပိုင်း ဒေသများတွင်လည်း အများဆုံးစိုက်ပျိုးလေ့ရှိပြီး သဲကုန်းမြို့နယ်တွင် ပန်းထိမ်ငိုပန်းပင်များကို တစ်ပိုင်တစ်နိုင်မျှသာ စိုက်ပျိုးကြပြီး ကိုင်းထိုးစိုက်ခြင်းနှင့် ဥမှစိုက်ခြင်းဖြင့် စတင်စိုက်ပျိုးကြသည်။
ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် စိုက်ပျိုးကြပြီး အခင်းဖြင့်စိုက်ပျိုးခြင်းနှင့် နှစ်ရှည်ပင်များ ကြားတွင် ကြားညှပ်စိုက်ပျိုးကာ မြေပြုပြင်ခြင်း၊ ပျိုးဘောင်တင်ခြင်း၊ သဘာဝမြေဩဇာ (နွားချေး) ထည့်ပေးခြင်းဖြင့် ပန်းဥများပျိုးထားပြီး၊ အပင်၊ အပွင့်နှင့် အခက်များ ကြီးထွားစေရန်အတွက် အပင်နှင့်အပွင့်အားဆေးများ သုံးစွဲပေးရပြီး ရောဂါကာကွယ်ရန်အတွက် မှိုသတ်ဆေး၊ ပိုးသတ်ဆေး များ သုံးစွဲပေးရသည်။
ပန်းထိမ်ငိုပန်းများသည် မိုးရာသီ ဇွန်လဆန်းပိုင်းတွင် ဈေးကွက်ဝင် ပန်းခိုင်များစပေါ်ပြီး ပန်းတစ်ခိုင်လျှင် (၅၀ဝ)ကျပ်နှုန်းဖြင့် ရောင်းချရပြီး ယခု ဇူလိုင်လမှာဆိုလျှင် လှိုင်လှိုင်ပေါလာပြီ ဖြစ်သဖြင့် (၂၀ဝ/၃၀ဝ)ကျပ်နှုန်း ရောင်းချလျက်ရှိရာ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


