ပန်းတောင်း  ၆ နိုဝင်ဘာ 

ပြည်ခရိုင် ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရုပ်ပုံဖြင့်ပုံပြော၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်များကို ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ပြိုင်ပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် အနာဂတ်ရင်သွေးငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတတ်စေရန် ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်စေရန်နှင့် စာပေဖတ်ရှုရာတွင် အဖြတ်အတောက် မှန်ကန်စေရန် အသံအနိမ့်အမြင့် အတက်အကျလေယူလေသိမ်းကောင်းမွန်စေရန်ရည်ရွယ်၍ ကျောင်းသား/သူများအား ပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီးဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)