ပန်းတောင်း နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက် လိုအပ်သော အောက်ဆီဂျင်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့မှုနှင့် အလှူရှင်များ ပါဝင်လှူဒါန်းငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် အောက်ဆီဂျင်စက်ရုံမှာ အောက်ဆီဂျင်စက် တပ်ဆင်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ အောက်တိုဘာ ၃၁ ရက်နံက်ပိုင်းက စတင်စမ်းသပ် လည်ပတ်နေပြီဖြစ်ကြောင်း ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်သူရထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ အရေးပေါ် အောက်ဆီဂျင်လိုအပ်နေသော လူနာများအတွက် ရည်ရွယ်၍ တစ်နာရီလျှင် ၄၀ လီတာဆံ့ ၆ အိုးထွက်ရှိ၍ တစ်နေ့လျှင် နာရီ ၂၀ မောင်းနှင်ပြီး အောက်ဆီဂျင် အလုံး ၁၂၀ ထွက်ရှိသော အောက်စီဂျင်စက်ရုံ စတင် လည်ပတ်နေသည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)


