ပန်းတောင်း မတ် ၈
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဆက်ကပ်လှူဒါန်းသည့် အဂ္ဂမဟာဂန္ထဝါစက ဘွဲ့တံဆိပ်တော်ရ ဥသျှစ်ပင်မြို့ သုခိတာရာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ကောဝိဒဇောတိကအား မတ် ၈ ရက်နံနက်ပိုင်းက ဥသျှစ်ပင်မြို့အဝင်တွင် မြို့နယ်သံဃာတော်များ၊ ဥသျှစ်ပင်မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ဂေါပကအဖွဲ့ဝင်များ၊ ဓမ္မစကြာဝတ်အသင်းများက မော်တော်ယာဉ်ဖြင့် ပင့်ဆောင်ကာ မြို့အတွင်းသို့ လှည့်လည်ဂုဏ်ပြု ပူဇော်ခံခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပန်းတောင်း)


