ပန်းတောင်း ဇူလိုင် ၂
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်စျေးတွင် ယနေ့နံက်ပိုင်းက နှာခေါင်းစည်း Mask များဖြန့်ဝေပေးခြင်း၊ အပူချိန်တိုင်းတာပေးခဲ့ကြောင်း သိရသည်။
အဆိုပါနှာခေါင်းစည်းများ ဖြန့်ဝေပေးရာတွင် စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှု အသွင်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများကို နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်ဆက်)


