ပန်းတောင်းမြို့နယ်နှင့် နောင်ချိုမြို့နယ် ၊  ဘန့်ဘွေးမြို့နယ်တို့တွင်တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်   ၁၉  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်းများ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လက်ထောက်ညွှန်ကြားရေမှူးနှင့် သစ်တောဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၅ ရက်က ဘန့်ဘွေးကျေးရွာ၊ ရပ်ကွက်(၄)ရပ်ကွက်ရှေ့ ကော်ဖီစိုက်ခြံ ခြံပိုင်ရှင်ဦးကိုလင်း၏ နေအိမ်ခြံဝင်းအတွင်းမှ  တရားမဝင်ကျွန်း၊ တမလန်း၊ သစ်/ခွဲသား/ဓားရွေ (၁၀၂ဒသမ ၈၂၂) တန်နှင့် တရားမဝင်ပတ်လွှစက်(၄)လုံးတို့အား ဖမ်းဆီးရမိခဲ့သည်။

 

1

 

ထို့အတူ ဧပြီ ၁၈ ရက်က ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင် သစ်တောဦးစီးဌာန ဦးစီးအရာနှင့် သစ်တောဝန်ထမ်းများအဖွဲ့သည် ပန်းတောင်းမြို့နယ် ရပ်သာရွာ၏ ရှေ့မြောက်ဘက် (၂)မိုင်ခန့် အကွာနေရာမှ တရားမဝင်ကျွန်းခွဲသား (၆ဒသမ၂၁၅၆)တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိ ရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

(မောင်လူမော်)

 

1