နေပြည်တော်  ၂၅  ဖေဖော်ဝါရီ  

 

ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် တပ်မတော်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ သူရဲတန်းကြိုးဝိုင်းအတွင်းမှ တရာမဝင်သစ်ခွဲသား စုစုပေါင်း (၃၇)ချောင်း၊ ၆ ဒသမ ၆၀၆၂ တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

 

ge 52596139_2

 

အလားတူ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တပ်မတော်အဖွဲ့အစည်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် သုံးဆယ်ကြိုးဝိုင်းအတွင်း လှည့်လည်စစ်ဆေးရာ တရားမဝင်သစ် ကျွန်း၊ ပျဉ်းကတိုးနှင့် အခြားခွဲသား  ၄ ဒသမ ၉၅၁၆ တန်အား ပိုင်ရှင်မဲ့ဖမ်းဆီရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

မောင်လူမော်

 

age 52608954_2