ပန်းတောင်း နိုဝင်ဘာ ၂

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (ပထမ) ၆လ၊ ပြည်ထောင်စုရန်ပုံငွေဖြင့် "အခြေခံအပ်ချုပ်စက်သင်တန်း"ကို ကျေးလက်နေပြည်သူများအား တစ်နိုင်တစ်ပိုင်အသေးစား စီးပွားရေးလုပ်ငန်းများ ထူထောင်ခြင်းနှင့်အတူ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် လူမှုဘဝအဆင့်အတန်း မြင့်မားလာစေရေး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍  ယမန်​ နေ့နံက်ပိုင်းတွင် သရက်လိန်ကျေးရွာအုပ်စု ၊ သူရဲဇီးကျေးရွာ  ဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားအား ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်း မှ တက်ရောက်အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ)ဒေါ်မေသူစိုး မှ သင်တန်းဖွင့်လှစ်ပေးရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။

 

သင်တန်းကို နိုဝင်ဘာ (၁)ရက်နေ့မှ(၃၀)ရက်နေ့ထိ (၁)လ စာတွေ့၊လက်တွေ့၊ သင်တန်း ပို့ချပေးသွားမည်ဖြစ်ပြီး သူရဲဇီးကျေးရွာနှင့် အနီးနားကျေးရွာများမှ သင်တန်းသူ(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သင်းသင်းအေး (ပြန်ဆက်)