ပန်းတောင်း စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ရဟန်းသံဃာများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီက ပေါင်းတည်ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် နှာခေါင်းတို့ပတ် နမူနာယူ စစ်ဆေးပေးသော ဦးဇင်း (၁၂)ပါး၊ သီလရှင်(၁)ပါး စုစုပေါင်း ရဟန်းသံဃာ (၁၂)ပါး၊သီလရှင်(၁)ပါးတို့အား စစ်ဆေးရာတွင် ပိုးမတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးခြင်းလုပ်ငန်းအား ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေ းကော်မတီအဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရ၊အဖွဲ့ဝင် ဦးကျော်ဝင်း၊ ဦးအေးကြိုင်တို့ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)


