ရွှေသောင်ယံ ၂၃ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့၊ ဘောမိအုပ်စု၊ ဂျိတ်လက်ကျေးရွာအနီး ပန်းတမော့ ကျွန်းသို့ ယမန်နေ့နံနက် (၁၀)နာရီခွဲက ချောင်းသာနှင့် ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများအဖွဲ့မှ ကွင်းဆင်းကာ ဂျိတ်လက် ကျေးရွာရှိ ပြည်သူလူထုနှင့် တွေ့ဆုံပြီး ပန်းတမော့ကျွန်းပေါ်သို့ မြေပြင်ကွင်းဆင်းခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထိုသို့တွေ့ဆုံ ကွင်းဆင်းကြရာတွင် ဂျိတ်လက်ကျေးရွာ ပြည်သူတို့၏ လိုလားချက်ဖြင့် ပန်းတမော့ကျွန်းအား The Lady I Sland အမည်ဖြင့် ပြောင်းလဲသပ်မှတ်ပြီး ဒေသအတွက် အထင်ကရကျွန်းတစ်ကျွန်း ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကွင်းဆင်းလေ့လာခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ကျွန်းသည် ၄၇ ဧက ကျယ်ဝန်းကာ ကျွန်းပေါ်တွင် အခြေချနေထိုင်သူများမရှိဘဲ ငါးဖမ်းလှေငယ် အနည်းအကျဉ်းသာ ယာယီတည်းခိုလေ့ရှိသည်။ကျွန်း၏တောနက်ပိုင်းသို့ မည်သူမျှ ဝင်ရောက်ဖူးခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)


