ပန်းတနော် ၁၄ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပန်းတနော်မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော (ကလေးစာပေပွဲတော်) စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ကျင်းပပြုလုပ်ရာ ယနေ့ ကလေးစာပေပွဲတော် ဒုတိယနေ့တွင် ပြခန်းများ၌ လာရောက်လေ့လာ ကြည့်ရှုသူများ ပိုမိုများပြလျက်ရှိသည်။
အဆိုပါပြခန်းများမှာ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ ဦးသန့်ပြခန်း၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေး၊ ကွန်ပျူတာနည်းပညာပြခန်း၊ ဒေသထွက် ပန်းတနော်သင်ဖြူးဖျာနှင့် ကြိမ်ထည်ပြခန်း၊ ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း၊ ပညာရေးသင်ထောက်ကူပြခန်း၊ အမေ့သားအမှိုက်သိမ်းအဖွဲ့ Recycle လှုပ်ရှားမှုမှတ်တမ်းပြခန်းအသီးသီးတို့တွင် အသိပညာပေးနံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများနှင့် နည်းပညာပိုင်းဆိုင်ရာများကို ပြသထားရာ လူအများ စိတ်ဝင်စားလျက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN