ပန်းတနော် ၂၄ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မြတောင်စာသင်တိုက် အတွင်း၌ အများကုသိုလ်တော်ဖြင့် တည်ထောင်ခဲ့သော သီတဂူမြမေတ္တာမျက်စိဆေးခန်းသို့ ငွေကျပ် ၆၁ သိန်းကျော်တန်ဖိုးရှိ မျက်စိစမ်းသပ်ကိရိယာပစ္စည်းများကို ယမန်နေ့ နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ မျက်စိစမ်းသပ်ကိရိယာများကို စာပေဗိမာန်စာပေဆုရ စာရေးဆရာ ပန်းတနော်ခင်မောင်မြင့် မိသားစုတို့မှ ငွေကျပ် ၆၁ သိန်းကျော် တန်းဖိုးရှိ Slit Lamp မျက်စိစမ်းသပ် စစ်ဆေးသော စက်တစ်စုံနှင့် Lens Set & Chart တစ်စုံအား လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အလှူရှင် စာရေးဆရာ ပန်းတနော်ခင်မောင်မြင့်က ပန်းတနော်မြို့ သီတဂူမြမေတ္တာမျက်စိဆေးခန်းအတွက် မျက်စိစမ်းသပ်ကိရိယာများ လာရောက်လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဆေးခန်းကို ဦးစီးတည်ထောင်သူ ဒေါက်တာစဂျေလွင်က ပန်းတနော်မြို့နယ်နှင့် အနယ်နယ်အရပ်ရပ်မှ မျက်စိလူနာရှင်များစွာ လာရောက်ခွဲစိတ်ကုသလျက်ရှိရာ လက်ရှိမှာ မျက်စိစမ်းသပ် ကိရိယာစက် ၃ လုံးနှင့် ခွဲစိတ်ကုသမှု လုံလောက်မှုမရှိသဖြင့် ယခုလိုမျက်စိစမ်းသပ်ကိရိယာများ လာရောက်လှူဒါန်းပေးတဲ့ အတွက် မျက်စိလူနာများကိုလျင်မြန်ထိရောက်စွာခွဲစိတ်ကုသပေး နိုင်မည်ဖြစ်ကြောင်းနှင့် မျက်စိဝေဒနာရှင်များကိုယ်စား ကျေးဇူးတင် စကားပြောကြား ခဲ့သည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)


