ပန်းတနော် ၂၅ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်ထိ ကျင်းပ သွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူ (၃၈၆၀) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာစစ်ဌာန (၁၃) ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြေဆိုမှုအတွက် စာစစ်ဌာန (၁၃) ခုဖြစ်သော အထက (၁) တွင် (၆၅၅) ဦး၊ အထက (၂)တွင် (၄၂၈) ဦး၊ အထက မအူချောင်းတွင် (၁၀၇) ဦး၊ အထက ဇရပ်လှကြီးတွင် (၂၉၇) ဦး၊ အထက ရင်းတိုက်ကုန်းတွင် (၃၂၈) ဦး၊ အထက ဒေါင့်ကြီးတွင် (၁၁၁) ဦး၊ အထက ဓနော်တွင် (၁၀၈) ဦး၊ အထက ကျွန်းကြားတွင် (၂၃၈) ဦး၊ အထက ပြလင်မိမ္မပြေးတွင် (၃၉၄) ဦး၊ အထက ချောင်းကလေးတွင် (၂၃၃) ဦး၊ အထက မရမ်းတွင် (၃၄၃) ဦး၊ အထက ရွှေလှေတွင် (၁၉၈) ဦး၊ အထက အင်းမတွင် (၄၂၀) စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၃၈၆၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
အေးချမ်းအောင်(ပန်းတနော်)


