ပန်းတနော် ၂၆ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း ယမန်နေ့ နံနက်ပိုင်းက ၅၂၈ မိသားစု ပရဟိတအဖွဲ့၏ လှူဒါန်းမှုဖြင့် လက်ဆေးဘေစင်များ လက်ဆေးဆပ်ပြာရည်များကို တပ်ဆင်ပေးထားကြောင်း သိရသည်။
ဈေးရောင်းသူများ၊ ဈေးဝယ်သူများ ပစ္စည်းများကို ကိုင်တွယ်ရာတွင်လည်းကောင်း၊ စာကြည့်တိုက်သို့ စာအုပ်လာရောက် ငှားရမ်းသည့် စာဖတ်ပရိတ်သတ်များနှင့် ဆေးရုံအတွင်းရှိ လူနာနှင့် လူနာစောင့်များအား (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မိမိတို့၏လက်များကို မကြာခဏဆေးကြောနိုင်ရန် မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် လက်ဆေးဘေစင် (၅)ခု ပြည်သူ့စာကြည့်တိုက်ရုံးရှေ့တွင် လက်ဆေးဘေစင် (၁)ခု၊ မြို့မဈေးရှေ့တွင် လက်ဆေးဘေစင်(၂)ခု စုစုပေါင်း ဘေစင် (၈)ခုနှင့် လက်ဆေးဆပ်ပြာရည်များကို လှူဒါန်းတပ်ဆင်ပေးကြောင်း သိရသည်။
အေးချမ်းအောင်(ပန်းတနော်)