ပန်းတနော်၊ ၇ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်တွင် ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင် မှတ်သားခြင်းများကို နေ့စဉ်အထူးကြပ်မတ် စစ်ဆေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့ဝင်၊ မြို့ထွက်ဂိတ်များမှ ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းများ ရယူခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ထောက်ခံချက်ပါရှိမှု ရှိ၊ မရှိစစ်ဆေးခြင်း၊ Mask ဝတ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး ခရီးသွားလာခြင်း လျှော့ချရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များအား နံနက် ၆ နာရီမှ ည ၁၂ နာရီ အထိ နေ့စဉ် ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)


