ပန်းတနော် စက်တင်ဘာ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက်တွင် စက်တင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီခန့်က သက်တမ်း နှစ် ၇၀ ခန့်ရှိ အမြင့် ပေ ၃၀၊ လုံးပတ် ၁၀ ပေခန့်ရှိ ကုက္ကိုပင်ကြီး အမြစ်ဆွေးပြီး လဲကျမှုဖြစ်ပွားခဲ့ရာ တိုက်အိမ် နှစ်လုံး သစ်ကိုင်းပိ၍ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထိခိုက်ပျက်စီးရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ဒေသခံပြည်သူများ သွားရောက်၍ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ဖယ်ရှားခြင်းနှင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ် အစိတ်အပိုင်းများအား  ပြန်လည်ပြုပြင်ပေးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။ ထိခိုက်ပျက်စီးခဲ့သည့် နေအိမ် နှစ်လုံးအတွက် တစ်အိမ်လျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)

 

mdn