ပန်းတနော် ၁ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဓနော်ကျေးရွာအုပ်စု၊ ဆင်ချောင်းကျေးရွာ၌ ဧပြီ ၂၂ ရက်က မီးလောင်မှုဖြစ်ပွားခဲ့၍ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု ၆ စုအတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက အိမ်ထောင်စု ၁ စုလျှင် တန်ဖိုးငွေကျပ် ၄၅၄၁၀ဝ တန်ဖိုးရှိ ဒန်အိုး ၂ လုံး၊ ဒယ်အိုး ၁ လုံး၊ စတီးပန်းကန်ပြား ၄ ချပ်၊ စတီးဟင်းထည့် ဇလုံ ၂ လုံး၊ ရေခွက် ၄ ခွက်၊ ၁၂ ချောင်းပါ ဇွန်း ၁ ဘူး၊ ဟင်းခပ်ဇွန်းကြီး ၁ ဇွန်း၊ ခြင်ထောင် ၁ လုံး၊ စောင် ၂ ထည်၊ မျက်နှာသုတ်ပုဝါ ၂ ထည်၊ ကာဘော်လစ် ဆပ်ပြာ ၁ တောင့်၊ အရက်ပျံ ၁၀ဝ မီလီ ၁ ဘူး၊ Mask ၁၀ ခုပါ (၁ ထုပ်) အိမ်သုံးပစ္စည်းများအား လှူဒါန်းပေးခဲ့သည်။
အဆိုပါ အိမ်သုံးပစ္စည်းများအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိုယ်စား မင်းတစုကျေးရွာ ဟိတသုခဓရ လူမှုကူညီရေး အဖွဲ့များမှ အိမ်ထောင်စုများ လက်ဝယ်အရောက် မေ ၃၀ ရက်တွင် သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထွေး(ပန်းတနော်)


