ပန်းတနော်  ၂၂   နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိပြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့သို့ ယနေ့နံနက် ၉ နာရီက ရောက်ရှိကာ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်ကိုကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်ဆေးရေးဂိတ်အား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကအားပေးကာ စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည်များသုံးစွဲရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့ငွေကျပ်ငါးသိန်း အား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် မြို့နယ်တိုင်းတွင် COVID-19 ရောဂါ စစ် ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရှိပြီး အဆိုပါ စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည့် နေရာ၌သုံးစွဲရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျန်းမာရေးသုံးအထောက်အကူပြုပစ္စည်းများ ပြည့်ဝစွာထောက်ပံ့ပေး အပ်ထားရှိပြီး ယခုအခါတွင်လည်း မြို့နယ်(၂၆)မြို့နယ်အား တစ်မြို့ နယ်လျှင် ငွေ(၅)သိန်းကျပ်နှုန်းစီဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပြည့်ဖြိုးကျော်(ပန်းတနော်)

 

mdn