ပန်းတနော် ၇  ဇန်နဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မရမ်းကျေးရွာ၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နေ့ အထိမ်း အမှတ်အဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဇန်နဝါရီ ၆ ရက် ည ၈ နာရီက ကျင်းပခဲ့သည်။

 

မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် မိုက်သွေး(ဗမာ့သွေးနှင့် ရွှေတောင်သား(တောင်ဇလပ်)၊ ကျော်စွာဝင်း(ယူနိုက်တက်/မန္တလေး)နှင့် ဂျစ်တူး (တိုက်ဂါး/ဘားအံ)တွဲဆိုင်းတို့ပါဝင်ပြီး ဒေသခံမျိုးဆက်သစ်များ၏ တွဲဆိုင်း များလည်း ပါဝင်ကြောင်း  သိရသည်။

 

အဆိုပါ လက်ဝှေ့ပြိုင်ပွဲသို့ ဒေသခံပြည်သူများလည်း တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း  မြို့နယ်ပြန်/ဆက်မှ သိရသည်။

 


MDN