ပန်းတနော် ၂၅ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ရှေးဟောင်းသမိုင်းဝင် ရွှေမြင်တင် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် မြန့်မာ့ရိုးရာ နွားလှည်းပြိုင်ပွဲနှင့် မြင်း(ဒုန်း)ပြိုင်ပွဲများကို ဧရာဝတီတိုင်းဒေသကြီး မြင်းစီးအသင်းနှင့် ပြိုင်ပွဲကျင်းပရေး ကော်မတီတို့ ပူးပေါင်း၍ မတ်လ ၂ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများတွင် မြင်းအကြီးတန်း (၄ ပေ ၇ လက်မ) အထက်ပြိုင်ပွဲများ၊ မြင်းအငယ်တန်း (၄ ပေ ၇ လက်မ) အောက် ပြိုင်ပွဲများနှင့် နွားလှည်း (ဒုန်း) ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆုကြေးငွေအဖြစ် ပထမဆု (၃)သိန်းအထိ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)


