ပန်းတနော်၊ အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာအုပ်စု ကျောင်းတော်ကလေးကျေးရွာ သာသနရက္ခိတ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ သက်တမ်းနှစ် (၂၀၀)ခန့်ရှိ ကညင်ဖြူပင် ပေါက်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကညင်ဖြူပင်ကြီးမှာ သက်တမ်းနှစ်(၂၀၀)ခန့်ရှိပြီး ရင်စို့လုံးပတ်(၁၇)ပေ၊ ခန့်မှန်းအမြင့်ပေ (၁၅၀)ခန့်ရှိပြီး ဧရာဝတီတိုင်းအတွင်း ထူးထူးခြားခြား ပေါက်ရောက်နေတာတွေ့ရှိရပြီး ယခုအချိန်ထိ သာသနရက္ခိတဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံ ရွာသူရွာသားများ၊ သစ်တောဦးစီးဌာနတို့မှ ထိန်းသိမ်းထားကြောင်း သိရသည်။
ကညင်ပင်မျိုးများတွင် ကညင်နီ၊ ကညင်ဖြူ၊ ကညင်ပြန်၊ ကညင်ကုပ်၊ ကညင်ကြောင်ချေး၊ ကညင်ဝက်တောင်းဟူ၍ အမျိုးမျိုးကွဲပြားလျက်ရှိသောကြောင့် အပင်ကိုလည်းကောင်း ခွဲစိတ်ပြီး ကညင်သားကိုလည်းကောင်း မြင်ရုံမျှဖြင့် မည်သည့် ကညင်ပင်မျိုးဖြစ်သည်ကို တိကျစွာခွဲခြား သိနိုင်ရန် ခဲယဉ်းပြီး အထက်မြန်မာနိုင်ငံ၌ ကညင်နီပင်များ ပေါက်ရောက်သည်ကို တွေ့ရှိရပြီး အောက်မြန်မာနိုင်ငံ၌ ကညင်ဖြူပင်များ ပေါက်ရောက်သည်ကို တွေ့ရှိရကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)