ပန်းတနော်၊ အောက်တိုဘာ ၁၈

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် စာသင်ကျောင်းများ မီးဘေးအန္တရာယ် လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် များရှိ စာသင်ကျောင်းများတွင် စစ်ဆေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ်ရှိ စာသင်ကျောင်းများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်မီငြှိမ်းသတ်နိုင်ရေးတို့အတွက် ကြိုတင် ပြင်ဆင်မှုများ၊ လိုအပ်တဲ့စီမံဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ရုံး၊ မြို့နယ်ပညာရေးမှူးရုံး၊ သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများနှင့်  ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ ဆက်)