ပန်းတနော် ၇ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများအလိုက် တာဝန်ထမ်းဆောင် ကြမည့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထုတ်ပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီကစတင်၍ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများအလိုက် ထုတ်ပေးလျက်ရှိသည်။
ထိုသို့ဖြန့်ဝေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို မဲရုံတစ်ရုံလျှင် PPE ဝတ်စုံအဖြူ (၅)စုံ၊ PPE ဝတ်စုံအပြာ (၁၀)စုံ၊ Hand Gel ( ၇) ဘူး၊ Face Shield(၅)ခု၊ ခေါင်းစွပ် (၅)ခု၊ PPE ဖိနပ်(၅) စုံနှင့် PPE Cover (၅)စုံနှုန်းစီဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များအလိုက် ထုတ်ပေးခြင်းဖြစ်ပြီး ပန်းတနော်မြို့နယ်တွင် မဲရုံပေါင်း (၂၁၇)ရုံအတွက် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)


