ပန်းတနော် ၁၈ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂) အုပ်စု ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၄၈၅၁) စုအတွက် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀ဝ၀ဝ နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ( ၄၉၇၀၂၀ဝ၀ဝ )ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းညွှန့်သိန်းနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်တို့က ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ပြန်လည်ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)


