ပန်းတနော်၊   ၁၆   ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်း ဖွင့်ပွဲ အခမ်း အနားကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက ယင်းယိုကျေးရွာအုပ်စု စွတ္တမူကျေးရွာတွင် ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းညွန့်သိန်းက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး မအူပင်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ခရိုင် ဦးစီးမှူး ဒေါ်စိုးစိုးမြင့်က ကျေးလက်နေပြည်သူများ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများလုပ်ကိုင်ကြရာတွင် နည်းစနစ်တကျအကျိုးရှိစွာ လုပ်ကိုင်ဆောင်ရွက် နိုင်စေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ် ဦးစီးမှူး ဦးဇေယျာနိုင်က သင်တန်းစည်းကမ်းများနှင့် သင်တန်းအား အကျိုးရှိစွာ သင်ကြားကြ ရန် ဆွေနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ယင်းယိုကျေးရွာအုပ်အစုအတွင်းရှိ စွတ္တမူကျေးရွာ၊ သရောသာကျေးရွာ၊ မဿမံကျေးရွာနှင့် တင်းကုတ်ကြီးကျေးရွာတို့မှ သင်တန်းသား (၃၀) တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၀)ရက် ကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)