ပန်းတနော် ဇွန် ၂၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီ မိုးစပါး RS To CS မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဇွန် ၂၉ ရက် နံနက်ပိုင်းက ကျုံတုံးကြီးကျေးရွာ အုပ်စု ဇီဖြူစုကျေးရွာရှိ တောင်သူ ဦးသန်းဇော်၏ လယ်ယာမြေ ၁၀ ဒသမ ၂၅ ဧက၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးကျော်ကျော်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မိုးထွန်းနှင့် ဝန်ထမ်းများ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ပြည့်ဖြိုးကျော်(ပြန်/ဆက်)

 

mdn