ပန်းတနော် ၄ မတ်

 

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် သမိုင်းဝင်ရွှေမြင်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်အထိမ်းအမှတ် ဖိတ်ခေါ် မြန်မာ့ရိုးရာ မြင်းဒုန်းစီးပြိုင်ပွဲကို မတ် ၃ ရက် ညနေ ၃ နာရီက  ကျင်းပသည်။

 

မြင်းဒုန်းစီးပြိုင်ပွဲတွင် အကြီးတန်းမြင်းဒုန်းစီးပြိုင်ပွဲနှင့် အငယ်တန်း မြင်းဒုန်းစီးပြိုင်ပွဲ ထည့်သွင်း ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ မြင်းစီးဝါသနာရှင်များ လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မတ် ၃ ရက်မှ မတ် ၈ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

 

အဆိုပါ ဖိတ်ခေါ်မြန်မာ့ရိုးရာ မြင်းဒုန်းစီးပြိုင်ပွဲတွင် ဆုကြေးငွေအဖြစ် အကြီးတန်းမြင်းဒုန်းစီးပြိုင်ပွဲတွင် ပထမဆု ငွေကျပ် သုံးသိန်း၊ ဒုတိယဆု ငွေကျပ် နှစ်သိန်းနှင့် အငယ်တန်းမြင်းဒုန်းစီးပြိုင်ပွဲတွင် ပထမဆု ငွေကျပ် သုံးသိန်း၊ ဒုတိယဆု ငွေကျပ် နှစ်သိန်း ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

အေးချမ်းအောင်(ပန်းတနော်)