ပန်းတနော် ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းဗိုလ်နှင့်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဇေယျာမြင့်က ပြည်သူ့ဆေးရုံဝန်ထမ်း(၄၇)ဦး အတွက်အခြေခံစားသောက် ကုန်(၄)မျိုးကို ယနေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် အခြေခံစားသောက်ကုန်(၄)မျိုးဖြစ်သောဆန်(၅)အိတ်၊ ကြက်ဥ အလုံး(၃၀၀) ၊ ဆီ (၁၀) ပိဿာ၊ ကြက်သွန်နီ (၂)အိတ်ပါဝင်ပြီး အဆိုပါလှူဒါန်းမှုကို ပြည်သူ့ဆေးရုံဝန်ထမ်းများကိုယ်စား မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာအေးမင်းသန်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)


