ပန်းတနော် ၁၄ ဇွန်
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၁၉ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ရန်ကုန်- ပုသိမ် ကားလမ်းမကြီးဘေး သံပါတ်ကျေးရွာရှိ ဓမ္မပိယလမင်းသာ ကျောင်းအဝင်လမ်းတွင် ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ (Clean Pantanaw) အဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက သတ်မှတ်ပေးထားသော နေရာများ၌ ကျွန်းပင် (၁၀ဝ)၊ မဟောဂနီပင် (၁၅၀ ) နှင့်ပန်ဂျင်ရှားပင်( ၅၀ ) စုစုပေါင်း ပျိုးပင်ပေါင်း ( ၃၀ဝ)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)
