ပန်းတနော်၊   ၄   ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် တောင်သူများ လယ်ယာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အချိန်မှီ အရင်းအနှီးများ ရရှိစေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ ဆောင်းသီးနှံ စိုက်ပျိုးရေး စရိတ်ချေးငွေထုတ်ချေးခြင်းကို ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီက တောင်သူများအား ထုတ်ချေးပေးနေကြောင်း သိရသည်။

 

ပန်းတနော်မြို့နယ်၌ ကျေးရွာအုပ်စု (၃၃) အုပ်စုတွင် ဆောင်းသီးနှံ စိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ချေးပေးလျက်ရှိရာ  စပါးစိုက်ဧက (၁၀၆၅၃)အတွက်  စပါးတစ်ဧကလျှင် တစ်သိန်းခွဲနှုန်းနှင့် ပဲစိုက်ဧက (၇၇၃၀) အတွက် တစ်ဧကလျှင် တစ်သိန်းနှုန်း ထုတ်ချေးပေးလျက်ရှိပြီး ဆောင်းသီးနှံ စိုက်ပျိုးရေးစရိတ်ချေးငွေကို နိုဝင်ဘာ ၁၁ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့အထိ တောင်သူများအား ထုတ်ချေးပေးမည်ဖြစ်ကြောင်း လုပ်ကွက်ငယ်တောင်သူများအား ဦးစားပေး ထုတ်ချေးပေးခြင်း ဖြစ်သည့်အတွက် အများဆုံး (၁၀)ဧကအထိပဲ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ် မန်နေဂျာ ဦးခင်မောင်ဝင်းက ပြောကြားသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)