ပန်းတနော်၊   ၂၃   ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သည့်  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲကို  ဒီဇင်ဘာ  ၂၃  ရက်  နံနက် ၁၀ နာရီက ဆွတ္တမူကျေးရွာ၌ ပြုလုပ်ခဲ့သည်။

 

mdn

 

အဆိုပါ သင်တန်းတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရန်ပြုလုပ်သည့်နည်းလမ်းများ၊ တောင်သူများ စပါးသီးနှံစီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်နည်း၊ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ (GAP) နည်းစနစ်ဖြင့် စိုက်ပျိုးခြင်း၊ သဘာဝမြေသြဇာပြုလုပ်သုံးစွဲနည်း(စာတွေ့၊ လက်တွေ့)၊ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ တိုင်းရင်းကြက်မွေးမြူခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း၊ ကျွဲ နွားမွေးမြူခြင်းနှင့် ကာကွယ်ကုသခြင်း၊ ဝက်မွေးမြူခြင်းနှင့် ကာကွယ်ကုသခြင်း၊ မေထုံမဲ့ သားဆက်ခြင်း စသည့် အကြောင်းအရာများကို  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ ၃၀ တို့အား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၁၄ ရက်မှ ဒီဇင်ဘာ  ၂၃ ရက်ထိ ၁၀ ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ ဆက်)